ကိုယ့်ရဲ့ ရည်ရွယ်ချက်အတွက် လိပ်ပြာလုံနိုင်ခြင်း




လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် မိသားစုတွင်းမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ပြဿနာ တခုခု သို့မဟုတ်
အငြင်းပွားဖွယ်အကြောင်းအရာတခုခု ဖြစ်ခဲ့ရင် ( အစကတည်းက အခြေအနေတို့ အကြောင်းအရာတို့ကို အတတ်နိုင်ဆုံးရှင်းအောင် လုပ်ပါတယ် ) ကိုယ့်ဘက်က ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို စမ်းစစ်တယ်။
ဥပမာ - လုပ်ငန်းထဲမှာ စာရင်းတခု ကွာတယ်ဆိုပါစို့ ငါ မသမာတဲ့ နည်းနဲ့ လုပ်ထားတာရှိလား ?
ငါလုပ်ထားတဲ့ စာရင်း နဲ့ ပတ်သက်ပြီး ဘက်လိုက်မှု့ ရှိနေလား?
ငါ နဲ့ တခြားလူ အကြား ချစ်ခြင်း မုန်းခြင်းတွေနဲ့ အလုပ်လုပ်သလား?
အဲ့ဒီ အချက် သုံးချက်လုံးကို ဟုတ်တယ်လို့ အဖြေထွက်ရင် ခံလိုက်ပါ ဘာလို့လဲဆို ကိုယ်လုပ်ထားတာပဲလေ
ကိုယ်တာဝန်ယူရဲရမယ် ကိုယ်ဖြေရှင်းရမယ် ကိုယ်တာဝန်ယူထားတဲ့ အလုပ်မို့ ကိုယ့်မှာသာတာဝန်ရှိပါတယ်။

ဖြေရှင်းနည်း - အတတ်နိူင်ဆုံး အချက်အလက်ခိုင်ခိုင်မာမာပြပြီး ဖြေရှင်းပါ ကိုယ့်ဘက်က မဖြေရှင်းနိုင်ဘူး
ကိုယ်တကယ် အသုံးမကျဘူးဆိုတာ လက်ခံလိုက်ပြီး တောင်းပန်ပါ ကိုယ့်ဘက်က အမှားတခုအတွက် တန် ရာတန်ကြေး ပြန်ပေးဆပ်ပါ။

နောက်ထပ် တူညီသော အမှားမျိုး မမှားအောင် သင်ခန်းစာယူပါ သို့သော် ငါကတော့ တသက်လုံး ဒီအလုပ်မ လုပ်တော့ဘူးဆိုတဲ့ ခံစားချက်ဆိုးကြီးနဲ့ တွဲပြီး ဘဝတလျောက် မသယ်သွားပါနဲ့ ထာဝရ နောင်တဆိုတာ အယူ မမှားတာပဲ ကောင်းတယ် သင်ခန်းစာယူရမယ့် နေရာကို တလွဲနောင်တ မယူစေချင်ဘူး နောင်တဆိုတာမျိုးထက်
စာရင် အသက်ရှင်နေသမျှ ကိုယ့်လိပ်ပြာကိုယ်လုံဖို့က အဓိကပါ ဒါက ကိုယ်မှားတဲ့ ကိုယ့်ပရောဂမကင်းတဲ့ ကိုယ်တာဝန်ယူထားရတဲ့ ကိစ္စအချို့အတွက်ပါ

(ဒီနေရာမှာ ငါဘာလို့ တာဝန်ယူရမလဲ ငါ့ဘာသာငြင်းမှာဘဲ ဆိုသူတွေ ဘက်ကန်မည့်သူတွေကို မရည်ညွှန်းပါ)
နောက်တခုက ကိုယ်ကရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်လိုက်တဲ့ ကိစ္စတခုအတွက် ကိုယ့်ကို မကောင်းထင် သွားတယ် ကိုယ်လုပ်လိုက်တဲ့ ကိစ္စက တဘက်လူအတွက် ရလာဒ်အနေနဲ့ကောင်းတယ် တဘက်လူရဲ့ နဂို ဗီဇ
ငယ်ဘဝ အတိတ်ဆိုး လက်ရှိအခြေအနေဆိုးတွေကြောင့်ဖြစ်ပေါ်နေတဲ့ ခံစားချက်ဆိုးကြောင့် ကိုယ့်ကို ဗီလိန် လို့ယူဆ ကိုယ့်ကို မကောင်းထင် ကိုယ့်ကို လိုက်အပုတ်ချနေတဲ့ ကိစ္စတွေ အတွက် စိတ်အေးအေး ခံစားချက် ကင်းကင်း စိတ်ငြိမ်ငြိမ်ထားပြီး စိတ်အေးလက်အေး နဲ့ စိတ်ချလက်ချ လိပ်ပြာလုံလိုက်ပါ။
ချယ်စိုး

Comments

  1. 1xBet Korean Bets | Best Online Sportsbook
    1xBet is one of the 바카라 사이트 best online betting sites that cater for 메리트 카지노 주소 the Asian language and provides a 1xbet korean great betting experience. Bet with 1xBet today!

    ReplyDelete
  2. Finally, you will get a one hundred pc match on your third deposit up to as} £500. If you deposited the complete quantity for every of these three deposits, you then would find yourself with a complete bonus of £1,000. Finally, players can use mBit’s 24/7 reside chat characteristic to succeed in out with questions or issues. forty five reside sport exhibits current a refreshing change of tempo in between rounds. Betting 토토사이트 minimums start at $0.20 throughout the board, but the “VIP” selection lets excessive rollers wager up to as} $50,000 per hand.

    ReplyDelete

Post a Comment