About

မစိုးသီတာထွေး

ပညာရေး - Mandalay Yadanarbon University မှ B.Sc( Maths)၊ MTU မှ AGTI (IT) ၊ Co-operative College MDY မှ (DBA) ၊ DA , DM (LCCI)(UK) ၊ (IAC)Professional Certified Coach ဘွဲ့များရရှိခဲ့ပါသည်။
လုပ်ငန်းအတွေ့အကြုံ - Accounting Field တွင် Junior Accountant မှ Chief Accountant အထိ ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် MA’HAR EMPEROR GROUP ACCOUNTING SYSTEM AND SETTING SERVICE တွင် FOUNDER အဖြစ် တာဝန်ယူလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ Accounting on job training Trainer အဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ကျွန်မ မစိုးသီတာထွေး သည် CGM Co.,Ltd( Super Coffeemix ) လုပ်ငန်းခွင်အတွင်းသို့ လက်ထောက်စာ
ရင်းကိုင်ရာထူးဖြင့် ၂၀၀၈ ခုနှစ်မှ စတင် လုပ်ကိုင်ခဲ့ပါသည်။

၂၀၀၈ - ၂၀၁၁ ခုနှစ်အထိ CGM Co.,Ltd ( Super Coffeemix ) လက်ထောက်စာရင်းကိုင် ရာထူးမှ စတင်၍ စာရင်းကိုင် အုပ်စုခေါင်းဆောင် ရာထူးအထိ အဆင့်ဆင့်တာဝန်ထမ်းဆောင် ခဲ့ပါသည်။

၂၀၁၁ - ၂၀၁၆ ခုနှစ်အထိ CGM Co.,Ltd( Super Coffeemix ) နှင့် City Glory Co.,Ltd( Engine Oil ) တွင် စာရင်းကိုင်ချုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၅.၉.၂၀၁၇ ခုနှစ် မှ ၃၀-၁၁-၂၀၁၇ တွင် Nyein Chan Aung – On Job Training သင်တန်းတွင် လက်ထောက် ဆရာအဖြစ်သင်ကြားပြသခဲ့ပါသည်။

၁.၁.၂၀၁၇ ခုနှစ်မှ ၃၁.၅.၂၀၁၇ ထိ PTO Co.Ltd ( Accountancy & Auditing Service ) တွင် Account
Manager အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။

ယခုလက်ရှိ ၉-၁၀-၂၀၂၀ တွင် သင်တန်းသားများ တောင်းဆိုချက်ဖြင့် သင်တန်းသစ် Freelancer Accounting
On Job Training (Batch – 1 ) ကို စတင်ဖွင့် လှစ်ရန်စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

၁.၁၂.၂၀၁၇ ခုနှစ်တွင် MA’HAR EMPEROR GROUP – ACCOUNTING ON JOB TRAINING သင်တန်းကိုစတင်ဖွင့်လှစ်၍ (Batch – 14 ) ထိ ဖွင့်လှစ်ပြီး ယနေ့ထက်ထိတိုင် Trainer အဖြစ် သင်တန်းသား ၂၀၀ ကျော် ကို တာဝန်ယူသင်ကြားပြသလျက်ရှိပါသည်။ ၁.၆.၂၀၁၇ ခုနှစ်မှ စတင်၍ ယခုလက်ရှိ မဟာအင်ပါယာဂရုပ် အဖွဲ့ ကိုစတင်တည်ထောင်ခဲ့ပါသည်။

မဟာအင်ပါယာဂရုပ် ရည်ရွယ်ချက်

အနာဂတ်ကာလတွင်လည်း ပိုမိုကောင်းမွန် ပိုမိုစနစ်ကျပြီး ထိရောက်မှု့ ရှိသော နည်းစနစ်ပေါင်းများစွာကို လက်တွေ့အသုံးချပြီး မြန်မာ့စီးပွားရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဝန်ဆောင်မှု့ပေးနိုင်ရန် မဟာအင်ပါယာဂရုပ်တွင် တာဝန်ထမ်းဆောင်နေသော လုပ်ငန်းမိသားစုများမှ သင်ကြားခြင်း ပြင်ဆင်ခြင်းများကို လုပ်ငန်းရှင်တိုင်းသည် မိမိ
တို့လုပ်ငန်း များကို စနစ်တကျ စာရင်းများထားရှိ၍ လုပ်ငန်းခွဲများခွဲနိုင်ပြီး လုပ်ငန်းများပိုမိုတိုးတက်အောင် စာရင်း ဘက်မှ ထိထိရောက်ရောက်ဝန်ဆောင်မှု့ ပေးခြင်းဖြစ်ပါသည်။

ဝန်ဆောင်မှု့ လုပ်ငန်းများကို ယနေ့အချိန်ထိ ကောင်းမွန်သော ပိုမိုစနစ်ကျသော နည်းလမ်းကောင်းများဖြင့် ပိုမိုအ ဆင့်မြင့်လုပ်ဆောင်လျက်ရှိပါသည်။
အချိန်နှင့် တပြေးညီဆောင်ရွက်လျက်ရှိပါသည်
လုပ်ငန်းရှင်တိုင်းအတွက် စနစ်ကျသော စာရင်းကိုင် တစ်ယောက် အဖြစ်ရပ်တည်နိုင်ပြီး လုပ်ငန်းခွင်အတွင်း ပျော် ပျော်ရွှင်ရွှင် စနစ်တကျ တက်ကြွစွာလုပ်ကိုင်တတ်စေရန် ရည်ရွယ်ချက်ဖြင့် စာရင်းကိုင်လက်တွေ့အသုံးချပညာ (Accounting On Job Training) သင်တန်းနှင့် (Freelancer Accounting On Job Training ) သင်တန်းများကို ဖွင့် လှစ်ခြင်းဖြစ်ပါသည်။




Comments