Training




MA’HAR EMPEROR GROUP Accounting on Job Training Accounting on Job Training သင်တန်းကို တက်ရောက်လိုသူများသည် အောက်ပါအချက်အလက်များနှင့် ပြည့်စုံသူဖြစ်ရမည်။
  • သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်
စာရင်းကိုင်သင်တန်း တခုပြီးတခုတက်ပြီးသော်လည်း လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံ မရှိသဖြင့် လုပ်ငန်းခွင်ဝင်ရန် မဝံ့ရဲသူများ ကို ရဲရဲဝံ့ အလုပ်လျှောက်နိုင်ရန် လက်တွေ့ပြုလုပ်နိုင်ရန်ရည်ရွယ်သည်။ လုပ်ငန်းခွင် ထဲတွင် ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်သော်လည်း နေ့စဉ်ပုံမှန်လုပ်နေကြ စာရင်းအပြင် တခြားစာရင်းမသွင်းတတ် တခြားစာရင်းပုံစံ အယူအဆ မသိမဖြစ်ရလေအောင် ရည်ရွယ်သည်။ လက်တွေ့လုပ်ငန်းခွင်အတွင်း စာရင်းဌာန တခုလုံး ချိတ်ဆက်ပုံ အဆင့်ဆင့်ကို သိရှိစေရန်ရည်ရွယ်သည်။ လက်တွေ့လုပ်ငန်းခွင်စာရင်းများကို သွင်းရုံသွင်းခြင်းမဟုတ်ပဲ စနစ်တကျ စစ်ဆေးတတ်စေရန်ရည်ရွယ်သည်။ လုပ်ငန်းတခုထဲသို့ စတင်ဝင်ရောက်ရာတွင် မဖြစ်မနေ သိရှိထားရမည့် အချက်များကို သိရှိပြီး အမှန်တကယ် လက်တွေ့ပြုလုပ်နိုင်ရန်ရည်ရွယ်သည်။ အထက်ပါရည်ရွယ်ချက် များနှင့် အညီ သင်ကြားမည်ဖြစ်သည့်အတွက်သင်တန်းတက်ရောက်မည့်သူများသိသင့်သည့် သင်ကြားမည့်ပုံစံများ မှာ
စာရင်းကိုင်ပညာ နှင့် ပတ်သက်၍ LCCI I,II,III,ACCA,B.Com,Co.operative Colledge စသည့် သင်တန်းများ တခုမဟုတ်တခု ပြီးမြောက်ထားသူဖြစ်ရမည်။ Excel ဖြင့် စာရင်းသွင်းခြင်းအခြေခံ တတ်မြောက်ထားသူ ဖြစ်ရမည်။ သင်တန်းမှ နေ့စဉ်ပေးသော သင်ခန်းစာများကို လိုက်ပါလုပ်ဆောင်နိုင်သူဖြစ်ရမည်။ သင်တန်းတက်နေစဉ်အတွင်း ပေးထားသော သင်ခန်းစာများကို အမှန်တကယ် စိတ်ပါဝင်စားစွာ လိုက်ပါလုပ်ဆောင်နိုင်သူဖြစ်ရမည်။ သင်တန်းအပြီးတက်မြောက်ကြောင်း စစ်ဆေးသော စာမေးပွဲကို ဖြေဆိုနိုင်သူဖြစ်ရမည်။ သင်တန်းအပြီး အလုပ်မရှာဖွေခင်တွင် သင်တန်း မှ ပေးသော မိမိရဲ့ အားသာချက် အားနည်းချက် စသော (ပုဂ္ဂိုလ်ရေးဆိုင်ရာ) မေးခွန်းများကို ဖြေဆိုနိုင်သူဖြစ်ရမည်။ အထက်ပါကိစ္စရပ်များကို တသွေမတိမ်းလိုက်ပါဆောင်ရွက်နိုင်မှသာ အမှန်တကယ်တက်မြောက်ကြောင်း သင်တန်းလက်မှတ်ကို ထုတ်ပေးမည်ဖြစ်ပါသည်။

  • သင်ကြားမည့် ဘာသာရပ်
(Trading, Manufacturing, Service)လုပ်ငန်းများအတွက် - (Document System )စာရင်းစာရွက် ထားသိုရမည့် ပုံစံ နှင့် လက်တွေ့ စာရင်းစာရွက် ကိုယ်တိုင်ရေးဆွဲ ဖန်တီးခြင်း။ - ( Day Book )စာရင်းစာအုပ်များ အကြောင်းနှင့် မဖြစ်မနေထားရှိရမည့် စာရင်းများ အကြောင်း သင်ကြားပေးခြင်း။ - ( Trial Balance )လချုပ်စာရင်း ပြင်ဆင်ခြင်းရည်ရွယ်ချက်နှင့် ပြင်ဆင်ပုံများ။ - (Income Statement, Balance Sheet and Cash Flow Statement )လက်တွေ့ အရှုံးအမြတ်ရေးဆွဲနည်း ၊ လက်ကျန်ရှင်းတမ်းရေးဆွဲနည်း နှင့် ငွေသားစီးဆင်းမှု့ ဖော်ပြချက်များရေးဆွဲနည်း စသည့် လချုပ်စာရင်းများ ကို Excel ဖြင့် သင်ကြားပြသပေးခြင်း။
- ( Report Analysis) လချုပ် ၊ နှစ်ချုပ်စာရင်းများတွင် ဆောင်ရန် ရှောင်ရန်များ သင်ကြားပေးခြင်း။ - ( Ratio Analysis )လချုပ်နှစ်ချုပ် စာရင်းများကို လုပ်ငန်းရှင်ထံသို့ အပ်နှံရာတွင် တင်ပြဆွေးနွေးရမည့် စာရင်း အချိုးများ စာရင်းသုံးသပ်ချက်များကို သင်ကြားပေးမည်ဖြစ်ပါသည်။
သင်တန်းစုံစမ်းရန် - 0943072071

Comments